ဆရာကန်တော့ပွဲ
PHOTO:::: Credit
ဆရာကန်တော့ပွဲ
စီနီယာများ၊သူငယ်ချင်းများနှင့်ဂျူနီယာများခင်ဗျား...
ကျွန်တော်တို့ မော်လမြိုင်နည်းပညာတက္ကသိုလ်(၂၀၀၉-၂၀၁၄) နှစ်အတွင်း ပညာသင်ကြားခဲ့ကြသည့် ကျောင်းသားများ၏ ပထမဦးဆုံး အကြိမ် ကျင်းပပြုလုပ်မည့် ဆရာကတော့ပွဲ အတွက် တတ်စွမ်းသလောက် ပါဝင်ကူညီပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။
ရည်ရွယ်ချက်။ ။ နည်းပညာတက္ကသိုလ် မော်လမြိုင် စတင်တည်ဆောက်ခဲ့သည့် ၁၀ နှစ်ပြည့် အထိန်းအမှတ်
ဝေးကွာနေသော ကျောင်းသား များနှင့် ဆရာ များအား တွေဆုံနိုင်စေရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ်။
ယခု ဆရာကတော့ပွဲ ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီပေးကြသော သူငယ်ချင်းများ၊စီနီယာများနှင့် ဂျူနီယာများကိုလဲ လှိုက်လှဲစွာ ကြိုဆိုပါတယ်။
ကျွန်တော့်တို့ အနေနဲ့ ပထမဦးဆုံး ကျင်းပမည့် ဆရာကတော့ပွဲအား အောင်မြင်အောင် ကူညီပေးကြပါလို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်များအနေနဲ့ ဖြစ်နိုင်ရင် GTI နှစ်များကစပြီး ယခု စာသင်နှစ်အထိ ကျင်းပလိုတဲ့ ရည်ရွယ်ချက်ရှိပါတယ်။ တက္ကသိုလ် ၁၀ နှစ်ပြည့် အမှီ ကျင်းပလိုခြင်း၊ ယခုလို သတ်မှတ်ရခြင်းလဲ ဖြစ်ပါတယ်။ ၂၀၀၉-၂၀၁၄ စာသင်နှစ် များ၏ ဆရာကတော့ပွဲ ဟုဆိုသော်လည်း အဲ့နှစ်အတွင်းသာမက ကျွန်တော်တို့ နားခိုခဲ့သော နည်းပညာတက္ကသိုလ် (EC) ဋ္ဌါန တွင် စားသင်ကြား၊ သင်ယူခဲ့ကြသူများ (စီနီယာ။ဂျူနီယာများ)ကိုလဲ ပူးပေါင်းပါဝင်စေချင်ပါတယ်။
၂၀၀၉-၂၀၁၄ လို့ သတ်မှတ်လိုက်ရခြင်း၏ ရည်ရွယ်ချက်။
၁) ကျင်းပမည့် အချိန် သက်မှတ်ချက်
ဆရာကတော့ပွဲကို ၅၊၁၊၂၀၁၉ နေ့တွင် ကျင်းပမည်။
၂) ကန်တော့ခံဆရာများအား သတ်မှတ်ချက်။
(၂၀၀၅-၂၀၁၄) အတွင်း ကျွန်တော်တို့ နည်းပညာတက္ကသိုလ်မော်လမြိုင် (EC ဋ္ဌါနတွင်) စာသင်ကြားခဲ့ကြသော Major/Minor ဆရာ များအား ကန်တော့မှာ ဖြစ်ပါတယ်။
၃) ပထမအကြိမ် ကျင်းပသည့် ဖြစ်မြောက်ရေး အစည်းအဝေးမှ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
အစည်းအဝေးကို တစ်လ လျှင် နှစ်ကြိမ် ကျင်းပမှာဖြစ်ပါတယ်။
၎) ကောက်ခံရရှိသည့် အလှူငွေများကိုလဲ ဆရာများအတွက်သာ အသုံးပြုမှာဖြစ်ပါတယ်။

ပထမဦးဆုံး အကြိမ် ကျင်းပသည့် အတွက် ထိုစာသင်နှစ် ၁၀ နှစ်ကိုသာ သတ်မှတ်လိုက်ရခြင်းအပေါ်ကို စီနီယာများ၊သူငယ်ချင်းများ၊ဂျူနီယာများလည်း နားလည်ပေးစေချင်ပါတယ်။ ထိုစာသင် နှစ်များတွင်သာမက အခြားနှစ်များမှ ပါဝင်လိုသူများကိုလဲ လှိုက်လှဲစွာကြိုဆိုပါတယ်။ စီနီယာများ၊သူငယ်ချင်းများ၊ဂျူနီယာများအနေနှင့်လည်း မိမိတို့ ပါဝင်စေလိုတဲ့ နှစ်အလိုက် စရင်းပြုစုပြီး ကျွန်တော်များ ဖြစ်မြောက်ရေးအဖွဲ့သို့ စနစ်တကျ အကြောင်းကြားစေလိုပါတယ်။ ပွဲစီစဉ်ချိန် နည်းပါးခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့သော ကျောင်းသား၊ဆရာများကိုလဲ အနူးညွန့်တောင်းပန်လိုပါတယ်။
ဖြစ်နိုင်မယ်ဆိုရင် အားလုံးကို စည်းစည်းလုံးလုံး ပါဝင်စေချင်တာပေါ့ဗျာ။ GTI မှ စ အခြေပြုခဲ့ပြီး ယခု နည်းပညတက္ကသိုလ် ဖြစ်လာတဲ့ အချိန်ထိ ကျောင်းတစ်ရက် တစ်ချိန်တက် ခဲ့သူများအားလုံးကိုလဲ ပါဝင်စေချင်ပါတယ်။ ပထမဦးဆုံး အကြိမ်ကျင်းပပြုလုပ်သည့်အတွက် နားလည်ပေးစေလိုပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပွဲဖြစ်မြောက်ရေးဘဲ ဖြစ်ပါတယ်။ နောက်နှစ်များမှာလဲ ၃ နှစ် (သို့မဟုတ်) ငါးနှစ် လျှင်တစ်ကြိမ် ကျင်းပလိုတဲ့ ရည်ရွယ်ချက်ရှိပါတယ်။
ကယ် EC တွေ။ တို့တွေရဲ့ စည်းလုံးမှုကို ပြရမယ့် အချိန်ရောက်ပြီးလို့တိုက်တွန်းလိုက်ရပါတယ်။

Comments
Post a Comment