ဆရာကန်တော့ပွဲ
PHOTO:::: Credit ဆရာကန်တော့ပွဲ စီနီယာများ၊သူငယ်ချင်းများနှင့်ဂျူနီယာများခင်ဗျား... ကျွန်တော်တို့ မော်လမြိုင်နည်းပညာတက္ကသိုလ်(၂၀၀၉-၂၀၁၄) နှစ်အတွင်း ပညာသင်ကြားခဲ့ကြသည့် ကျောင်းသားများ၏ ပထမဦးဆုံး အကြိမ် ကျင်းပပြုလုပ်မည့် ဆရာကတော့ပွဲ အတွက် တတ်စွမ်းသလောက် ပါဝင်ကူညီပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။ ရည်ရွယ်ချက်။ ။ နည်းပညာတက္ကသိုလ် မော်လမြိုင် စတင်တည်ဆောက်ခဲ့သည့် ၁၀ နှစ်ပြည့် အထိန်းအမှတ် ဝေးကွာနေသော ကျောင်းသား များနှင့် ဆရာ များအား တွေဆုံနိုင်စေရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ်။ ယခု ဆရာကတော့ပွဲ ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီပေးကြသော သူငယ်ချင်းများ၊စီနီယာများနှင့် ဂျူနီယာများကိုလဲ လှိုက်လှဲစွာ ကြိုဆိုပါတယ်။ ကျွန်တော့်တို့ အနေနဲ့ ပထမဦးဆုံး ကျင်းပမည့် ဆရာကတော့ပွဲအား အောင်မြင်အောင် ကူညီပေးကြပါလို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်များအနေနဲ့ ဖြစ်နိုင်ရင် GTI နှစ်များကစပြီး ယခု စာသင်နှစ်အထိ ကျင်းပလိုတဲ့ ရည်ရွယ်ချက်ရှိပါတယ်။ တက္ကသိုလ် ၁၀ နှစ်ပြည့် အမှီ ကျင်းပလိုခြင်း၊ ယခုလို သတ်မှတ်ရခြင်းလဲ ဖြစ်ပါတယ်။ ၂၀၀၉-၂၀၁၄ စာသင်နှစ် များ၏ ဆရာကတော့ပွဲ ဟုဆိုသော်လည်း အဲ့နှစ်အတွင်းသာမက ကျွန်တော...